ကျောက်ဆည်မြို့နယ် မုန်တိုင်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းအတိုးရငွေ၊ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်း လမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်

ကျောက်ဆည်၊ ဇန်နဝါရီ   ၁၅

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့ပြနှင့် ကျေးလက်ကွာဟမှုမရှိစေရေးအတွက် မြို့နယ်အတွင်းရှိကျေးရွာများအား ဘက်စုံဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပြီး မုန်တိုင်ကျေးရွာ၌ ကျေးရွာမြစိမ်း ရောင်စီမံကိန်း အတိုးရငွေနှင့် ပြည်သူထည့်ဝင်ငွေများ၊လုပ်အားများ၊ပစ္စည်းများဖြင့် ကျေးရွာတွင်း လမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရာ (၇၀)ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း  သိရှိရသည်။

 

အဆိုပါလမ်းအား ကျေးရွာလမ်းကော်မတီမှဦးဆောင်ပြီး ဆောင်ရွက်လျက်ရှိရာလမ်း အရည် အသွေး ပြည့်မီစေရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့်ဦးစီးအရာရှိဒေါ်ဌေးရီ (နည်းပညာ)တို့မှ အနီးကပ်ကြပ်ကြီးမှုဖြင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေ ကျပ်(၉၈)သိန်း၊ ပြည်သူ ထည့်ဝင်ငွေ၊လုပ်အား၊ ပစ္စည်းတန်းဖိုး (၈၇၄၅၀၀၀)ကျပ်၊ စုစုပေါင်း(၁၈၅၄၅၀၀၀)ကျပ် အသုံးပြု ၍ အရှည်(၁၀၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မ ကွန်ကရစ်လမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

လမ်းအဆင့်မြှင့်တင်ခြင်းများနှင့် ပတ်သတ၍မုန်တိုင်ကျေးရွာမှ အိမ်ခြေအိမ်ထောင်စု(၃၆၀)စု၊လူဦးရေ (၁၅၆၉)ဦး နေထိုင်လျက်ရှိပြီး ကွန်ကရစ်လမ်းခင်းခြင်းနှင့်ပတ်သတ်၍ "အရင်က ရွာ တွင်း လမ်းတွေက မိုးရာသီဆို ဗွတ်တွေဖြစ်တော့ ကလေးတွေနဲ့အသက်ကြီးသူတွေအတွက် သွား ရ လာရတာ အဆင်မပြေဘူး အခုလိုမျိုး ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပြီး လမ်းခင်း လိုက် တော့ အချိန်ရာသီမရွေးသွားလာလို့ ရသွားတာကြောင့် ပြည်သူများ ပျော်ရွှင်လျက်ရှိကြောင်း" ရပ်မိရပ်ဖဦးခိုင်စိုးလင်းက ပြောပြသည်။

သက်မောင်(ကျောက်ဆည်)