လပွတ္တာမြို့နယ် ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ယာ အဆောက်အဦးသစ် ဖွင့်လှစ်ပွဲကျင်းပ

လပွတ္တာ၊ ဇန်နဝါရီ   ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊(၃)မိုင်မြို့သစ်တွင် ယနေ့နံနက် ၉ နာရီခွဲ အချိန်ကတိုင်းဒေသကြီး မူလရန်ပုံငွေနှင့် တည်ဆောက်ပြီးစီးခဲ့သော မြို့နယ်ဥပဒေ ရုံးသစ်နှင့်ဝန်ထမ်းအိမ်ယာအဆောက်အဦးသစ် ဖွင့်ပွဲ အခမ်းအနားကျင်းပကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားကို အဆောက်အဦးသစ် ရှေ့၌ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးသည်။

 

ထို့သို့ ဖွင့်လှစ်ပေးရာတွင်  ဝန်ကြီးချုပ်နှင့်အဖွဲ့က မြို့နယ်ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ယာ အဆောက်အဦး သစ်အား လှည့်လည်ကြည့်ရှူ့ စစ်ဆေးပြီး ဝန်ကြီးချုပ်၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ဒုတိ ယရှေ့နေချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဆိုင်းဘုတ် အား အမွှေးနံ့သာများပတ်ဖြန်းပေးကြသည်။

 

မြို့နယ်ရုံး အဆောက်အဦသစ်မှာ( ၃)မိုင်မြို့၊ ပိတောက်လမ်းမြေကွက်အမှတ်(၁၀၅၃)တွင် (၁၂၀+၁၅၀ )(၁၀၂+၁၀၀)ပေပေါ်တွင် (အလျား၈၄ပေ၊အနံ၄၃ပေ၊အ မြင့်၁၂ပေ) အုပ်ခင်း၊အုပ်ကာ၊သွပ်မိုး တစ်ထပ် တိုက် ဖြစ်ပြီး၊တန်ဖိုး (၁၁၀၄၀၃၀၀၀) ကျပ်ဝန်ထမ်း အိမ်ယာ (အလျား ၅၂ပေ၊အနံ၃၀ပေ၊အမြင့် ၂၂ပေ) အုပ်ခင်း ၊အုပ်ကာ၊သွပ်မိုး ၂ထပ်တိုက် ၊တန်ဖိုး ငွေကျပ်(၉၅၄၀၄၀၀)ဖြင့် တည်ဆောက်ခဲ့ပါသည်။

 

ထိုနောက် ဝန်ကြီးချုပ် နှင့် အဖွဲ့သည်လပွတ္တာမြို့  (၂)မိုင်စိုက်ပျိုးရေးစခန်း တွင် နွေစပါး စိုက်ပျိုး ထားရှိမှု အခြေအနေအားလှည့်လည် ကြည့်ရှူ့၍ လိုအပ်သည် များမှာကြားခဲ့ကြောင်း သိရှိရသည်။

 

လပွတ္တာ ခရိုင်(ပြန်ဆက်)