ကာမိုင်းမြို့‌ ဧရိယာအတွင်းရှိ ကျောင်းသာ/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinovac ကို ဒုတိယအသုတ်(ဒုတိယအကြိမ်)ထိုးနှံပေး

ကာမိုင်း ဇန်နဝါရီ ၁၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ဧရိယာအတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး Sinovac ကို  ယနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ အထက မြစိမ်းရောင်ခန်းမ၌ ထိုးနှံခဲ့ကြောင်းသိရသည်။

ကာကွယ်ဆေးမထိုးနှံမီကာမိုင်းမြို့ရှိ သုဂ္ဂတိမက်လူမှုကူညီရေးအသင်း အဖွဲ့၀င်များက လိုအပ် သည့်များကို လုပ်ဆောင်ပြီး၊ ကာမိုင်းတိုက်နယ်ဆေးရုံ ၀န်ထမ်းများကစနစ်တကျဆေးထိုးနှံပေး သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင်အထက-ကာမိုင်းမှကျောင်းသား(၂၀)ဦး၊ ကျောင်းသူ(၃၃)ဦး၊ အထက(ခွဲ) မြို့မ-၂မှ ကျောင်းသား(၂၈)ဦး၊ကျောင်းသူ(၃၃)ဦး၊ အထက(ခွဲ)လွယ်ဆိုင်မှ ကျောင်း သား ()ဦး၊ ကျောင်းသူ()ဦး၊ မူလွန်မြို့မ()မှကျောင်းသား()ဦး၊ ကျောင်းသူ(၁၀)ဦး၊အလက‌-ဂေါ်ရီမှကျောင်းသူ ()ဦး စုစုပေါင်းကျောင်းသား(၆၃)ဦး၊ ကျောင်းသူ(၈၃)ဦးရှိပြီး ဆေးအလုံးရေ (၇၃) လုံးကို ဆေးတစ်လုံးလျှင်လူ()ဦးနူန်းဖြင့် လူဦးရေ(၁၄၆)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရ သည်။

 လဆိုင်း(ပြန်/ဆက်)