ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ နောင်ခလုံး-ပညာပလီး-ဂျပန်ကုန်း-လော်ကော်-နတ်ကြီး ကျေးရွာချင်းဆက် မြေသားလမ်း (၆)မိုင်၊ (၄)ဖာလုံ အနက် (၂)မိုင်အား ကျောက်လမ်းခင်းခြင်း

ပိုင်ကျုံ   ဇန်နဝါရီ   ၁၅   

ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝတိုးတက်မြင့်မားလာစေရေးနှင့် သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့၊ နောင်ခလုံး-ပညာပလီး-ဂျပန်ကုန်း-လော်ကော်-နတ်ကြီး ကျေးရွာချင်းဆက် မြေသားလမ်းအား ကျောက်လမ်းခင်းခြင်းလုပ်ငန်းကို နို၀င်ဘာလ တတိယအပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့အထိ (၃၅)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေသားလမ်းသည်   အရှည် (၆)မိုင်၊ (၄)ဖာလုံရှိပြီး (၂)မိုင်အား ကျောက်လမ်းခင်းခြင်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ (၆)လပတ်အတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေကျပ် (၂၇၃.၆၈၅)သန်းဖြင့် အကောင်အထည်‌ဖော် ဆောင်ရွက်လျက်‌ရှိကြောင်း၊ ယင်းလမ်းခင်းခြင်းကို Htut and Familyမှ တာ၀န်ယူဆောင်ရွက်ပြီး လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးအတွက် ကရင်ပြည်နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာ၀န်ရှိသူတို့က အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ယင်းလုပ်ငန်းများပြီးစီးပါက ပိုင်ကျုံမြို့အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် ဥတုသုံးပါးစလုံး အဆင်ပြေလွယ်ကူစွာ သွားလာနိုင်သည့်အပြင် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပိုမိုလွယ်ကူ အဆင်‌ပြေလာမည်ဖြစ်ကြောင်း သိရသည်။

ပိုင်ကျုံ