ဖားကန့် ဇန်နဝါရီ ၁၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်/ ဆုပစ္စည်းများနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီက စုပေါင်းရုံးခန်းမ၌ ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးညီညီလွင်က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် မိုးညှင်းခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက စီမံထူးချွန်ဆု တတိယအဆင့်၊ စီပွားရေးဆိုင်ရာ ထူးချွန်ဆု ဒုတိယအဆင့်၊ လူမှုရေးဆိုင်ရာထူးချွန်ဆု ရရှိသူများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ရရှိသူများကို ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် ဒေသခံပြည်သူများအားလုံးကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေသခံကိုယ်စားပြု ဦးတန်ဘော်လဆိုင်က ကျေးဇူးတင်စကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက အထွေထွေ ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)