Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းဆောင်ရွက်
Jan 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာရေးဆရာမ ဒေါက်တာမတင်ဝင်း ရေးသားသော "အလုပ်ဆိုတာ ခွန်အားပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံ၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်မှုများ ဆောင်ရွက်
Jan 17,2022
ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေးအတွက် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ နံနက် ၉ နာရီက တကူကနာ၊ မုရစ်ကြီးကျေးရွာတွင် (ဗီဇပြောင်း) အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား တတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Jan 17,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား တတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က စတင်၍ တောင်သာ အ.ထ.က ကျောင်း နဝရတ်ခန်းမနှင့် စုရပ်(၃)နေရာအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးခရိုင် (Community Centre)တွင် ဆပ်ပြာဆီသင်တန်း လက်တွေ့သရုပ်ပြ
Jan 17,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre)တွင် Woman Club အဖွဲ့မှ ဆပ်ပြာဆီပြုလုပ်ခြင်း သင်တန်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က လက်တွေ့ သင်တန်းပေး ပြသခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့တွင် အချိန်အခါမဟုတ်မိုးရွာသွန်းပြီး မိုးသီးများကြွေကျ၍ ရာသီပေါ်သီးနှံစိုက်ပျိုးထားသူများ အနည်းငယ်ပျက်စီး
Jan 17,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ ကာဒူကျေးရွာပတ်ဝန်းကျင်တွင် ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲခန့်က အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးများကြွေကျခဲ့သဖြင့် ရာသီပေါ်သီးနှံစိုက်ပျိုးထားသူများ အနည်းငယ် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ပွေးလှမြို့၊ ပရိယတ္တိသာသနာပါလက အာဂုမ်ပြန်ရေးဖြေစာပွဲတော်ကြီးအောင်လက်မှတ် ဆက်ကပ်လှူဒါန်းခြင်းမင်္ဂလာ အခမ်းအနားသ…
Jan 17,2022
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ၊ပွေးလှမြို့၊ ကျောက်တောကျောင်း၌ ဇန်နဝါရီ (၁၂) ရက်မှ (၁၅) ရက်နေ့အထိ (၄) ရက်တိုင်တိုင် ကျင်းပ ပြုလုပ်ခဲ့သည့် (၆၅)ကြိမ်မြောက် စာလျှောက်မေးပွဲတော်ကြီးနှင့် (၆၇) ကြိမ်မြောက် အာဂုမ်စာပြန်ပွဲတော်ကြီး အောင်မြင်စွာပြီးမြောက်သည်ဖြစ်၍ စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းခြင်းနှင့် တရားတော်နာမင်္ဂလာ အခမ်းအနားအား ယနေ့မွန်းတည့် ၁၂ နာရီအချိန်က အဆိုပါကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 17,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဗီဇမျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်လူမူဝန်ထမ်း ဦးစီးဌာန၊ မြို့နယ် မီးသတ် ဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် ကျောင်းစုကျေးရွာသို့ သွားရောက်ပြီး အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်နည်း လက်တွေ့သင်ကြားပေး
Jan 17,2022
မွန်ပြည်နယ် မီးသတ်ဦးစီးဌာနသည် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံတော်၏ ကုန်ထုတ်အရင်းအနှီးများ မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ် စေရန် ရည်ရွယ်၍ရုံးဌာနများ၊ ကုမ္ပဏီများ၊ စက်ရုံ၊ အလုပ်ရုံများ၊ စျေးများနှင့် ရပ်ကွက်/ကျေးရွာ များ အလိုက်မီးဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ရပ်ကွက်/ကျေးရွာများ အလိုက်ဖွဲ့စည်းထားသည့်အရန် မီးသတ်တပ်ဖွဲ့ဝင်များအား အရေးပေါ်အခြေအနေတွင် မီးငြှိမ်းသတ် နည်းများ ကူညီဆောင်ရွက်နိုင်ရန်အတွက် လေ့ကျင့်သင်ကြားပေးခြင်းကို မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကော့ပေါက် ကျေးရွာနှင့် ကော့နှတ်ကျေးရွာတို့၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22979
Page
22980
Page
22981
Page
22982
Current page
22983
Page
22984
Page
22985
Page
22986
Page
22987
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department