ညောင်တုန်း ဇန်နဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာရေးဆရာမ ဒေါက်တာမတင်ဝင်း ရေးသားသော "အလုပ်ဆိုတာ ခွန်အားပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှိုင်က စာပေဖတ်ရှု သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး Woman Club အဖွဲ့ဝင် ဒေါ်မြသူဇာနှင့် ဒေါ်ရီရီထွန်းတို့က "အလုပ်ဆိုတာ ခွန်အားပါ" စာအုပ်မှ “အလုပ်ထဲမှာ စေတနာနဲ့ ယုံကြည်ချက်အားများအောင် ကြိုးစားပါ၊ အလုပ်ဆိုတာ ခွန်အားပါ၊ အလုပ်ဆိုတာ လူ့စိတ်ကို ရင့်ကျက်စေနိုင်ပါတယ်” စသည့် စာအုပ်ပါအကြောင်းအရာများကို တက်ရောက်လာသည့် Woman Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့်အတူ ဆွေးနွေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)