တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား တတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

တောင်သာ ဇန်နဝါရီ  ၁၇

မန္တလေးတိုင်းဒေသကြီး  မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း၌   အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား  တတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က စတင်၍ တောင်သာ အ.ထ.က ကျောင်း  နဝရတ်ခန်းမနှင့် စုရပ်(၃)နေရာအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ တတိယအသုတ် ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးအလုံး(၁၁၁၀)၊ လူဦးရေပေါင်း(၅၅၄၆)ဦးကို စတင်ထိုးနှံပေးခြင်းအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်သူရနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်သာ(အထက)ကျောင်းတွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား တတိယအသုတ် ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန်နှင့် အခြားကျန်ရှိနေသူများကိုလည်း ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ဦးစားပေးအလိုက်နေ့စဉ် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)