ချောင်းဆုံ၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်မှုများ ဆောင်ရွက်

ချောင်းဆုံ ဇန်နဝါရီ ၁၇

ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေးအတွက် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ နံနက် ၉ နာရီက တကူကနာ၊ မုရစ်ကြီးကျေးရွာတွင် (ဗီဇပြောင်း) အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။

အသိပေးနှိုးဆော်ရာတွင် ပြည်သူလူထုအနေဖြင့် အဆိုပါရောဂါပိုးနှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်းကြောင့်ကြခြင်း မပြုကြရန်၊ တစ်ဦးချင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အခြေခံစည်းမျဉ်များကို လိုက်နာကြရန်၊ သံသယရောဂါ လက္ခဏာရှိသူများ အနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်း သတင်းပေးပို့ကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမှု (မပျက်မကွက်) အကြိမ်ပြည့်ခံယူခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို ကာကွယ်ဆေး ထိုးနှံပေးရန်အတွက် ကျန်းမာရေးဌာနသို့ ဆက်သွယ်ပို့ ဆောင်ပေးကြရန် စသည့် အချက်များကို အသိပေးတိုက်တွန်းနှိုးဆော် ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)