မော်လမြိုင် ဇန်နဝါရီ ၁၇
မွန်ပြည်နယ် မီးသတ်ဦးစီးဌာနသည် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံတော်၏ ကုန်ထုတ်အရင်းအနှီးများ မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ် စေရန် ရည်ရွယ်၍ရုံးဌာနများ၊ ကုမ္ပဏီများ၊ စက်ရုံ၊ အလုပ်ရုံများ၊ စျေးများနှင့် ရပ်ကွက်/ကျေးရွာ များ အလိုက်မီးဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ရပ်ကွက်/ကျေးရွာများ အလိုက်ဖွဲ့စည်းထားသည့်အရန် မီးသတ်တပ်ဖွဲ့ဝင်များအား အရေးပေါ်အခြေအနေတွင် မီးငြှိမ်းသတ် နည်းများ ကူညီဆောင်ရွက်နိုင်ရန်အတွက် လေ့ကျင့်သင်ကြားပေးခြင်းကို မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကော့ပေါက် ကျေးရွာနှင့် ကော့နှတ်ကျေးရွာတို့၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လေ့ကျင့်သင်ကြားပေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးစိုးကျော်နှင့် ဝန်ထမ်းများက အရန်မီးသတ်တပ်ဖွဲ့ဝင်များအား အရေးပေါ်အခြေအနေ တွင်ဆောင်ရွက်ရမည့်အချက် များ၊ ရေကန်များမှ တစ်ဆင့်ရေစုပ်၍ နော်ဆယ်ထိန်းသိမ်းမှု လေ့ကျင့်သင်ကြားပေးခြင်း၊ ရေပြင်မှနေအိမ်များ၊ လှေများသို့မီးငြှိမ်းသတ်ခြင်း တို့ကိုစနစ်တကျ လက်တွေ့သရုပ်ပြ သင်ကြားပေးကြကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)