Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လှိုင်းဘွဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် ကိုဗစ်မျိုးကွဲ အိုမီခရွန်(Omicron) အကြောင်း ပိုးကရင်၊ မြန်မာဘာသာစကားတို့ဖြင့် ရပ်ကွက်မျာ…
Jan 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကိုဗစ်-၁၉ရောဂါကူးစက်မှုများ မဖြစ်ပေါ်စေရေး၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာနှင့် ပိုးကရင်ဘာသာစကားတို့ဖြင့် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်မျိုးကွဲ အိုမီခရွန်(Omicron)အကြောင်း အများပြည်သူများ သိရှိနိုင်စေရန်အတွက် ရပ်ကွက်များအတွင်း အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့၌ ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာ၊ မြန်မာဘာသာဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန်(omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး န…
Jan 17,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ဒေသနေပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန်(omicron)ရောဂါပိုးများကို သတိပြုကာကြိုတင်ကာကွယ် နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတွင် ပိုးကရင်ဘာသာ၊ စကောကရင် ဘာသာ၊ မြန်မာဘာသာတို့ဖြင့် လှည့်လည် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာခရိုင်တွင် ဆောင်းသီးနှံဖြစ်သည့် ဆောင်းကုလားပဲစိုက်ဧက လေးသောင်း သုံးထောင်ကျော် စိုက်ပျိုးပြီးစီး
Jan 17,2022
မိတ္ထီလာခရိုင်တွင် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်တွင် ဆောင်းသီးနှံဖြစ်သည့် ဆောင်းကုလားပဲ စိုက်ဧက လေးသောင်း သုံးထောင်ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြာသိုလပြည့်နေ့ ညနေပိုင်းတွင် မုဒုံမြို့နယ်ရှိ ဘင်လှိုင်ဘုရားသို့ ဘုရားဖူးလာပြည်သူများဖြင့် စည်ကား
Jan 17,2022
မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကော့ခပုံကျေးရွာရှိ သမိုင်းဝင် ဘင်လှိုင်ရွှေဆံတော်ဘုရား (မြင်းနှစ်ကောင်)တွင် ပြာသိုလပြည့် ညနေပိုင်းက ဘုရားဖူးပြည်သူများ၊ ကုသိုလ်အလှူ ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံခရိုင်ရုံး Community Centre ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားခြင်းပြိုင်ပွဲများ ကျင်းပ
Jan 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်ပြီး ကျန်းမာပျော်ရွှင်သော အစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားခြင်းပြိုင်ပွဲများကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်"ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့်ဆောင…
Jan 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များ၌ မြန်မာဘာသာနှင့် စကောကရင်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်၌ သောက်သုံးရေဖူလုံမှုရရှိစေရန် ရေစုကန်တည်ဆောက်နေသည့် မြေနေရာအား မြေသန့်မင်္ဂလာ ကျင်းပ
Jan 17,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သောက်သုံးရေ ဖူလုံမှုရှိစေရန်အတွက် ကျောက်မှော် ကျောင်းအနီး မြင်ကျတောင်မှဂါလံ (၅၀၀၀၀)ဆံ့ ရေစုကန်သို့ ရေပိုက်လိုင်းသွယ်တန်းခြင်းနှင့် ရေစုကန် ပြုလုပ်သည့် နေရာအား မြေသန့်မင်္ဂလာ ပရိတ်တရားတော်ရွတ်ဖတ် ပူဇော်ပွဲကိုယမန်နေ့နံနက် ၈ နာရီခွဲက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့နယ် Community Centre ခန်းမ၌ အိုမီခရွန်(Omicron) ရောဂါအကြောင်း အသိပညာပေး Talk Show ဆောင်ရွက်
Jan 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါအကြောင်း သိရှိစေရန် ရည်ရွယ်၍ အိုမီခရွန်ရောဂါအကြောင်း အသိပညာပေး Talk Show ကို ယနေ့ နံနက် (၁၀)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22977
Page
22978
Page
22979
Page
22980
Current page
22981
Page
22982
Page
22983
Page
22984
Page
22985
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department