အမြို့မြို့အနယ်နယ်သတင်းများ

Jan 17,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် တောင်သူများ ဆောင်းသီးနှံများ စိုက်ပျိုးရောင်းချ၍ နေ့စဉ်ဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။
Jan 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  လိပ်သိုမြို့တွင်ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို  ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက်  ဒေသနေပြည်သူများ  ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းများကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဝန်ထမ်းများက  နေ့စဉ်  အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေန့နက်ပိုင်းက   ကရင်၊ မြန်မာနှစ်ဘာသာဖြင့်  ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။
Jan 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိဈေးများ မီးဘေးအန္တရာယ် ကင်း‌ဝေးရေးအ‌တွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ ဇတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်ခန့်က စည်ပင်သာယာ‌မြို့မဈေး၌ ဆောင်ရွက်ခဲ့သည်။
Jan 17,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေး ပရဟိတအသင်း၏ ဦးဆောင်မှုဖြင့် သွားနှင့်ခံတွင်းဆိုင်ရာ သွားဘက်ဆရာဝန် ဒေါက်တာ နွေပွင့်ကျော်မောင်က ဇန်နဝါရီ ၁၅ ရက်နေ့က စတင်ကာ မြို့နယ်အတွင်းရှိ သွားနှင့်ခံတွင်း ရောဂါခံစားနေရသည့် ဒေသခံပြည်သူများကို အခမဲ့ ဆေးဝါးကုသဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
Jan 17,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် စာရေးဆရာအသင်းမှ အသက်(၇၀)နှစ်အထက် စာရေးဆရာကြီး/ဆရာမကြီးများအား အသင်းအမှုဆောင် အဖွဲ့ဝင်များ အဆက်ဆက် နှစ်စဉ် အစဉ်အလာမပျက် ကျင်းပပြုလုပ်ခဲ့ရာ ယခုနှစ်တွင်လည်း သက်ကြီးပူဇော်ပွဲကို ဇန်နဝါရီ(၁၆)ရက်နေ့ ယနေ့နံနက်ပိုင်းတွင် စာရေးဆရာအသင်းရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jan 17,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာန အနေဖြင့် မြို့နယ်ဖွံ့ဖြိုးသာယာလှပရေးနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရေး အတွက် နှစ်စဉ်ရပ်ကွက်အတွင်းရှိလမ်းများကို အဆင့်မြင့်တင် ဆောင်ရွက်လျက်ရှိရာ နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက် (၃)ရှိ ခွာညိုလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ သိရသည်။
Jan 17,2022
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ (၄၁)ကြိမ်မြောက် ကဿပညီနောင်ရှင်တစ်ထောင်ဘုရား ဗုဒ္ဓပူဇနိယ ဗုဒ္ဓဘိသေကအနေကဇာတင် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။