Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လိပ်သိုဒေသရှိ ရော်ဘာစိုက်ပျိုးသူတောင်သူများ အစေးလှီး ရော်ဘာပြားထုတ်လုပ်ခြင်းလုပ်ငန်း အဆက်မပြတ်လုပ်ကိုင်လျက်ရှိ
Jan 17,2022
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ရော်ဘာစိုက်ပျိုးသောကျေးရွာများတွင် ယခုအခါ အစေးလှီးခြင်းနှင့် ရော်ဘာပြားများ ထုတ်လုပ်ခြင်းလုပ်ငန်းများကို အဆက်မပြတ် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Jan 17,2022
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း ဥပဒေအရကိုင်ဆောင်သင့်သည့် လက် မှတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းကို ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ နှမ်းကျဲကျေးရွာအုပ်စု၌ ယမန်နေ့နံနက် ၉ နာရီအချိန်က အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြိုနယ်တွင်(Omicron)အပါအဝင် ကိုဗစ်-၁၉ဗီဇပြောင်း ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးနှိုးဆော်
Jan 17,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင်(Omicron)အပါအဝင်ကိုဗစ်-၁၉ဗီဇပြောင်းရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၉နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန ညောင်ဦးမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်၁၉ရောဂါကာကွယ်ရေးနှင့် ကိုဗစ်၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် လုံခြုံစိတ်ချမှုရရှိခဲ့သော လယ်တောင်ယာကျေးရွာနေ နို့တိုက်မိခင်တစ်ဦး၏ ရင်တွင်းခံစားချက်စကားသံ
Jan 17,2022
ကျမနာမည် မဇင်မီမီခိုင်ပါ။ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုန်းကျေးရွာ အုပ်စု- လယ်တောင်ယာကျေးရွာမှာ မိသားစုနဲ့အတူ ဥယျာဉ်လုပ်ငန်း လုပ်ကိုင်ရင်းနဲ့နေတာပါ။ ကျမနဲ့အတူ အသက်(၆၀)နီးပါးရှိမိဘနှစ်ဦးနဲ့ နို့တိုက်ကလေးတစ်ဦးလဲရှိပါတယ်။ အရင်က ကျမတို့ ရွာထဲမှာ ကျန်းမာရေးဆရာ/မတွေ ကိုဗစ်-၁၉ကာကွယ်ဆေးတွေ အခမဲ့ လာထိုးပေးနေတာ သိလဲသိတယ်။ မြင်လဲမြင်တွေ့နေပါတယ်။
အပြည့်အစုံ ဖတ်ရန်
ပြင်စလူမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jan 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကုတ်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Jan 17,2022
ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန တို့ပူးပေါင်း၍ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါ ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ယမန်နေ့နံနက်က မြို့ပေါ်ရပ်ကွက်များ အတွင်းလှည့်လည် အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ ကြောင်း ကြသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီး၌ ပြာသိုလပြည့်နေ့ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ
Jan 17,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့ရှိ သမိုင်းဝင်တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သော ဆုတောင်းပြည့် ဘုရားကြီး၌ ပြာသိုလပြည့်နေ့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံသဖြင့် မိသားစုအတွက် လုံခြုံစိတ်ချမှုရရှိခဲ့သော လယ်တောင်ယာကျေးရွာနေ နို့တိုက်ကလေးမိခင် ဒေါဖြိုးအိလှိုင်၏ ရင်တွင်းစကားသံ
Jan 17,2022
ကျမက မဖြိုးအိလှိုင်ပါ။ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ဆင်ခြေဖုန်းကျေးရွာ အုပ်စု-လယ်တောင်ယာကျေးရွာမှာ မိသားစုနဲ့အတူနေပါတယ်။ကျမနဲ့အတူ ခင်ပွန်းနဲ့ သား လေးတစ်ဦးရယ် မိသားစုဝင်(၃)ဦးရှိပါတယ်။ ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်ကြပါတယ်။ အစက ကိုဗစ်-၁၉ ကာကွယ်ဆေးကို သိပ်မယုံကြည်ခဲ့ပါဘူး။ အရပ်ထဲမှာကအမျိုးမျိုးပြောနေကြတော့ ထိုးချင်စိတ် လဲမရှိခဲ့ဘူး။ စိတ်လဲမဝင်စားခဲ့ဘူး။ အဲဒီတုန်းက ကျမကကိုယ်ဝန်နဲ့ဆိုတော့ ကိုယ့်အလုပ်နဲ့ကိုယ်ပဲ့ ဥယျာဉ်ထဲမှာ အနေများခဲ့ပါတယ်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22981
Page
22982
Page
22983
Page
22984
Current page
22985
Page
22986
Page
22987
Page
22988
Page
22989
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department