Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇမျိုးကွဲသစ် အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 18,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ရှိပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန် (Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရာတွင် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကပွင့်ဖြူမြို့ပေါ် အနောက်ပိုင်း ရပ်ကွက်သို့ သွားရောက်ပြီး HandSpeaker ဖြင့် အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန်တုံမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဖောက်လုပ်ပြီးသည့် ကျေးရွာချင်းဆက်လမ်းများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး
Jan 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်အတွင်း ဖေါက်လုပ်ထားသည့် မန်တုံ-မုံးဝီးလမ်းမှ စေကော်-ဟူးလိန် လမ်းနှင့် ဟူးလိန်-ပန်ကူ-နောင်ချို-ကုန်ပေါင်း လမ်းတိုအား ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်၊ အဖွဲ့ဝင် ဦးခင်ဇော်လှိုင်၊ နမ့်ဆန်မြို့နယ် တိရိစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြခဲ၊ကျောက်မဲခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများမှ ယမန်နေ့ကကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ (၁၀၀၀၀၀)ကျော် ရှိပြီဖြစ်
Jan 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ အမှတ်စဉ်(၂၉) ၌ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးရန်ကျန်ရှိသူများကို တာဝန်ရှိသူများက ယနေ့၌ ဆက်လက်၍ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်ရေး အသိပညာပေးလှည့်လည်နှိုးဆော်
Jan 18,2022
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး နည်းလမ်းများကို ပြည်သူများ အသိ၊ သတိရှိစွာ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ပြည်မြို့ပေါ်ရပ်ကွက်/ ကျေးရွာများအတွင်း ယနေ့နံနက်ပိုင်းက အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထူအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်
Jan 18,2022
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ ညနေ(၄)နာရီက အဆိုပါ ရုံးဝန်ထမ်းများက "ဝန်ထမ်းကျင့်ဝတ်"စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများနှင့် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Jan 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများနှင့် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီး သူများ အားကိုဗစ်-၁၉ ကာကွယ်ဆေးထိုးစုရပ်အဖြစ် မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်(၂)နေရာခွဲ၍ ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီ အချိန်နှင့် နေလယ်(၁)နာရီအချိန်တို့တွင် ဖျာပုံမြို့၊ သီရိအဏ္ဏဝါခန်းမနှင့် ပြည်သူ့အားကစားခန်းမတို့တွင် ဆေးထိုးစုရပ်ထားရှိကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ
Jan 18,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်တွက် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့မွန်းလွဲ ၁နာရီက ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားလမ်းရှိ မိုးကောင်းဆုတောင်းပြည့် စေတီတော်ဝန်းအတွင်းရှိ သာသနာဗိမာန်တော်ကြီးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၂ခုနှစ် ဧရာဝတီတိုင်းဒေသကြီး လှေလှော်အသင်းလက်ရေစစ်ပြိုင်ပွဲနှင့် လျှပ်တစ်ပြက်ဖိတ်ခေါ် လက်ရေစစ် လှေလှော်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သော တိုင်းဒေသကြီးလက်ရ…
Jan 18,2022
၂၀၂၂ခုနှစ် ဧရာဝတီတိုင်းဒေသကြီး လှေလှော်အသင်း လက်ရေစစ်ပြိုင်ပွဲနှင့်လျှပ်တစ်ပြက်ဖိတ်ခေါ် လက်ရေစစ် လှေလှော်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သော တိုင်းဒေသကြီး လက်ရွေးစင်ဟောင်းများ အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်(၇)နာရီတွင် ပုသိမ်မြို့ ကန်သုံးဆင့် (Royal Lake)တွင်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22952
Page
22953
Page
22954
Page
22955
Current page
22956
Page
22957
Page
22958
Page
22959
Page
22960
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department