Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပင်လောင်းမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး ပြည်သူများ သိရှိဆောင်ရွက်ရန် မြန်မာ၊ ပအိုဝ်းနှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်
Jan 18,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေး အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးဝန်ထမ်းများက ယနေ့နံနက် ၁၁ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း မြန်မာ၊ ပအိုဝ်း နှစ်ဘာသာဖြင့် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကျင်းပ
Jan 18,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖောင်းပြင်မြို့၊ ကမ်းနားလမ်းကမ်းပြိုကာကွယ်ရေးအတွက် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၄၆ ဒသမ ၇၅၀သန်းဖြင့် ဆောင်ရွက်
Jan 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၊ ကမ်းနားလမ်းကမ်းပြိုကာကွယ်ရေးအတွက် ၂၀၂၁-၂၀၂၂ ခုနှစ်ခြောက်လ ဘတ်ဂျက် ပြည်ထောင်စုငွေလုံးငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၄၆ ဒသမ ၇၅၀ သန်းဖြင့် တင်ဒါအောင်မြင်သည့် ယမုံဦးကုမ္ပဏီက တာဝန်ယူပြီး ရေအရင်းမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၆) စစ်ကိုင်းတိုင်းဒေသကြီးရုံးမှ စီမံညွှန်ကြားမှုဖြင့် ယခုလ ၂ ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိရာ ၂၅ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့နယ်ရှိ မြို့မမွေတော်ကျောင်းတိုက်သို့ ဆွမ်းဆန်စိမ်း၊ ဆီ၊ ကုလားပဲ လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Jan 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းတိုက် (၄) တိုက်အား ဆွမ်းဆန်စိမ်း၊ ဆီ၊ ကုလားပဲတို့ကို ယနေ့နံနက် (၉) နာရီခွဲက မြို့မမွေတော်ကျောင်းတိုက်တွင် လှူဒါန်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကျင်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask)များကို ယခုဝယ် ယခုတပ် စနစ်ဖြင့် စစ်ဆေးဆောင်ရွက်
Jan 18,2022
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပ သွားလာသူများအား ယခုဝယ် ယခုတပ် စနစ်ဖြင့် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်
Jan 18,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Jan 18,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆဌမအသုတ် ပထမအကြိမ်နှင့် ပဉ္စမအသုတ် ဒုတိယအကြိမ်ကာကွယ်ဆေးများကို ဇန်နဝါရီ ၁၈ ရက်က ဆေးထိုးစုရပ်များ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) ရုံး လူထုအခြေပြုဗဟိုဌာနတွင် ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်း အမှတ်စဉ်(၁)(အခမဲ့)ဖွင့်လှစ်
Jan 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်း အမှတ်စဉ်(၁)(အခမဲ့)ကို ယနေ့၊ နံနက် ၉ နာရီ အချိန်က သင်တန်းသား/သူ (၁၁)ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22950
Page
22951
Page
22952
Page
22953
Current page
22954
Page
22955
Page
22956
Page
22957
Page
22958
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department