ဖျာပုံ ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများနှင့် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီး သူများ အားကိုဗစ်-၁၉ ကာကွယ်ဆေးထိုးစုရပ်အဖြစ် မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်(၂)နေရာခွဲ၍ ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီ အချိန်နှင့် နေလယ်(၁)နာရီအချိန်တို့တွင် ဖျာပုံမြို့၊ သီရိအဏ္ဏဝါခန်းမနှင့် ပြည်သူ့အားကစားခန်းမတို့တွင် ဆေးထိုးစုရပ်ထားရှိကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆)ပေစီခြား၍ စနစ်တကျ နေရာချထားပြီး ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများကို ဒုတိယအကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံခြင်းကို နံနက်(၉)နာရီအချိန်းမှ နေ့လယ်(၁၂)နာရီအချိန်ထိလည်းကောင်း၊ ကာကွယ်ဆေး ပထမအကြိမ်အဖြစ် ထိုးနှံသူများကို နေ့လယ်(၁)နာရီအချိန်တွင် လည်းကောင်း၊ မနက်၊နေ့လယ်ခွဲ၍ ကာကွယ်ဆေးထိုးနှံခြင်းကို ဖျာပုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများရှိ ပြည်သူများအား အကန့်အသက်မရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ခရိုင်ပြန်/ဆက်)