၂၀၂၂ခုနှစ် ဧရာဝတီတိုင်းဒေသကြီး လှေလှော်အသင်းလက်ရေစစ်ပြိုင်ပွဲနှင့် လျှပ်တစ်ပြက်ဖိတ်ခေါ် လက်ရေစစ် လှေလှော်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သော တိုင်းဒေသကြီးလက်ရွေးစင်ဟောင်းများ အသင်းအား ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ

ပုသိမ်  ဇန်နဝါရီ  ၁၈

၂၀၂၂ခုနှစ် ဧရာဝတီတိုင်းဒေသကြီး လှေလှော်အသင်း လက်ရေစစ်ပြိုင်ပွဲနှင့်လျှပ်တစ်ပြက်ဖိတ်ခေါ် လက်ရေစစ် လှေလှော်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သော တိုင်းဒေသကြီး လက်ရွေးစင်ဟောင်းများ အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်(၇)နာရီတွင် ပုသိမ်မြို့ ကန်သုံးဆင့် (Royal Lake)တွင်ကျင်းပသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လှေလှော်အသင်းများမှ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

ရှေးဦစွာအမျိုးသမီး မီတာ ၂၀၀(၇) တက်ငါးမြွေထိုး လှေလှော်ပြိုင်ပွဲကိုပြုလုပ်ရာ တိုင်းဒေသကြီး အသက်၂၃နှစ်အောက် အသင်းနှင့် လက်ရွေးစင်ဟောင်းများအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြရာ U23 အသင်းက ၅၅.၀၉စက္ကန်ဖြင့်အနိုင်ရရှိခဲ့ပြီး၊ ဒုတိယပွဲစဉ်တွင် U23.(က) အသင်းနှင့်(ခ)အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြရာ U.23(က)အသင်း က-၅၇.၆၂ စက္ကန့်ဖြင့် လည်းကောင်း၊ U-23.အမျိုးသမီး မီတာ.၂၀၀.(၁၀)တက်နဂါးလှေလှောပြိုင်ပွဲကို ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီး U- 23.အသင်းနှင့် လက်ရွေးစင်ဟောင်းများအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီးဂုဏ်ပြုပွဲ အခမ်းအနားကို ဆက်လက်ပြုလုပ်သည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး လှေလှော်လက်ရွေးစင် ဟောင်းများအသင်းမှ အုပ်ချုပ်၊ နည်းပြအားကစားသမားများ တစ်ဦးချင်း မိတ်ဆက်ကာ လျှပ်တစ်ပြက် ဖိတ်ခေါ်လက်ရေစစ်ပြိုင်ပွဲတွင် ရရှိခဲ့သည့်တံခွန်စိုက် ဆုဖလားအား တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ အပ်နှံခဲ့ရာဝန် ကြီးချုပ်မှလက်ခံရယူခဲ့သည်။ဆက်လက်၍ဝန်ကြီးချုပ်မှ လက်ရွေးစင် ဟောင်းများ လှေလှော်အသင်းနှင့်U.23.လှေလှော်အသင်းတို့အား ဂုဏ်ပြုထောက်ပံ့ငွေ စုစုပေါင်း ၃၆သိန်း ကိုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်/ပြန်ဆက်