တနိုင်း ဇန်နဝါရီ ၁၈
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ ညနေ(၄)နာရီက အဆိုပါ ရုံးဝန်ထမ်းများက "ဝန်ထမ်းကျင့်ဝတ်"စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝါဦးက စာဖတ် ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရန်၊ စာပေအကြောင်းအရာများကို အပြန်အလှန်နှီး နှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဦးဖေအောင် - စာကြည့်တိုက် လက်ထောက် - ၃ က ဝန်ထမ်းကျင့်ဝတ် အခန်း(၁,၂,၃) လည်းကောင်း၊ ဒေါ်ဂျာအောင်လု - ရုပ်သံ - ၃(ပြ)က ဝန်ထမ်းကျင့်ဝတ် အခန်း(၄) ကိုလည်းကောင်း၊ ဦးရှမ်းဝှမ်း ရုံးအကူက ဝန်ထမ်း ကျင့်ဝတ် အခန်း(၆) ကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ဖြည့်စွက်ဆွေးနွေးပြီး စာဖတ်ဝိုင်းကို လစဉ်ပြုလုပ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
ဝါဝါ