အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ (၁၀၀၀၀၀)ကျော် ရှိပြီဖြစ်

အိမ်မဲ     ဇန်နဝါရီ     ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ အမှတ်စဉ်(၂၉) ၌ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးရန်ကျန်ရှိသူများကို တာဝန်ရှိသူများက ယနေ့၌ ဆက်လက်၍ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးရာ၌ မြို့နယ်အတွင်း ကာကွယ်ဆေးထိုးရန် ကျန်ရှိသူလူဦးရေ (၅၀၀)ကျော်အားထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးရန်ရှိသူ လျာထားဦးရေ (၁၆၂၆၂၆) ဦးရှိပြီး ယနေ့အထိ ကာကွယ်ဆေးထိုးပြီးသူ (၁၀၀၀၀၀) ကျော်ရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။

အဆိုပါ ဆေးထိုးစုရပ်၌ ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်များတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ လူမှုရေးအသင်း အဖွဲ့များ တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံရာ၌ အဆင်ပြေချောမွေ့စေရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေး​နေကြကြောင်း သိရသည်။

ချစ်သက်လယ်