ပြည် ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး နည်းလမ်းများကို ပြည်သူများ အသိ၊ သတိရှိစွာ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ပြည်မြို့ပေါ်ရပ်ကွက်/ ကျေးရွာများအတွင်း ယနေ့နံနက်ပိုင်းက အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ယင်းသို့ အသိပညာပေးနှိုးဆော် ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကို မိမိကစ ကာကွယ်ပါ၊ အိမ်မှာနေပါ၊ အပြင်ထွက်လျှင် ပါးစပ်နှာခေါင်းစည်း တပ်ပါ၊ ခပ်ခွာခွာ နေထိုင်လုပ်ကိုင်ပါ၊ အချင်းချင်းသတိပေးပါ၊ လူစုလူဝေးရှောင်ပါ၊ စက္ကန့် ၂၀ကြာ မကြာခဏ လက်ဆေးပါ၊ လေဝင်/ထွက် မကောင်းသော အခန်းများမသွားရ၊ အပြင်ထွက်သူများသည် အိမ်ရှိသက်ကြီးများ ရောဂါအခံရှိသူများနှင့် နီးကပ်စွာမနေရ၊ စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အချက်အလက်များ အပါအဝင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အများပြည်သူသိရှိနိုင်စေရန် နံရံကပ်စာစောင်၊ Hand Speaker နှင့် Sound Box အသံချဲ့စက်တို့ဖြင့် အသိပညာပေး လှည့်လည်နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)