မိုင်းတုံ ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းတိုက် (၄) တိုက်အား ဆွမ်းဆန်စိမ်း၊ ဆီ၊ ကုလားပဲတို့ကို ယနေ့နံနက် (၉) နာရီခွဲက မြို့မမွေတော်ကျောင်းတိုက်တွင် လှူဒါန်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။
ရှေးဦးစွာ ဧည့်ပရိတ်သတ်အပေါင်းတို့မှ "နမောသဿ" သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ဆရာတော် ဘဒ္ဒန္တ ဦးကေတုမာလာထံမှ ငါးပါးသီလ ခံယူခြင်း မိုင်းတုံအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းဦး၊ ဒုတိယမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဒုဥက္ကဌဦးဟိန်းထက်အောင်၊ မြို့နယ်နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစောလွင်မိုးတို့က နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ထောက်ပံ့လှူဒါန်းသော ဆွမ်းဆန်စိမ်း၊ ဆီ၊ ကုလားပဲတို့ကို ဆရာတော်ဘုရားထံ ဆက်ကပ်လှူဒါန်းပြီး ဆရာတော် ဘဒ္ဒန္တဦးကေတုမာလာက ရေစက်ချအနုမောဒန တရားချီးမြှင့်ခြင်း၊ ဧည့်ပရိတ်သတ်အပေါင်းတို့မှ ဩကာသဆုတောင်းခန်းဖြင့် ပြန်လည်ကန်တော့ပြီး ဗုဒ္ဓသာသနာစီရံတိဋတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ပိတ်ခဲ့သည်။
အဆိုပါလှူဒါန်းရာ၌ မြို့မမွေတော်ကျောင်းတိုက်တွင် ၂၄ ပြည်ပါ ဆန်(၅)အိတ်၊ ဆီ(၅)ပိဿာ၊ ကုလားပဲ(၁၀) ပိဿာလှူဒါန်းပေးခဲ့ကြောင်း မြို့နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစောလွင်မိုးထံမှ သိရသည်။
မျိုးကျော်စိုး(မိုင်းတုံ၊ပြန်/ဆက်)