ရွှေကျင် ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပ သွားလာသူများအား ယခုဝယ် ယခုတပ် စနစ်ဖြင့် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေကျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ ရွှေကျင်မြို့နယ်အတွင်း အဖွဲ့(၃)ဖွဲ့ခွဲကာ နေရာ(၃)နေရာဖြစ်သော မြို့မစျေးအနီးရွှေညောင်ပင် ကယ်ရီဂိတ်၊ မြို့အဝင် မင်္ဂလာမုဒ်ဦး၊ မဒေါက်ကလေးတံတားထိပ်တို့တွင် နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပသို့ သွားလာနေသူများအား ငွေ(၁၀၀၀)ကျပ်ဖြင့် နှာခေါင်းစည်း(၂)ခု ဝယ်ယူစေပြီး ယခုဝယ် ယခုတပ်စနစ်ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)