ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) ရုံး လူထုအခြေပြုဗဟိုဌာနတွင် ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်း အမှတ်စဉ်(၁)(အခမဲ့)ဖွင့်လှစ်

သင်္ဃန်းကျွန်း     ဇန်နဝါရီ     ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်း အမှတ်စဉ်(၁)(အခမဲ့)ကို ယနေ့၊ နံနက် ၉ နာရီ အချိန်က သင်တန်းသား/သူ (၁၁)ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်း သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ရုံး၊ ခရိုင်ဦးစီးမှူးမှ အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ အိမ်တွင်းတစ်နိုင်တစ်ပိုင်ဖြင့် မိသားစု အပိုဝင်ငွေ ရရှိစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး သင်တန်းသား/သူများမှ စိတ်ပါဝင်စားစွာ သင်ယူခဲ့ကြကြောင်း သိရသည်။

စန္ဒာမိုး