သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

သာစည် ဇန်နဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆဌမအသုတ် ပထမအကြိမ်နှင့် ပဉ္စမအသုတ် ဒုတိယအကြိမ်ကာကွယ်ဆေးများကို ဇန်နဝါရီ ၁၈ ရက်က ဆေးထိုးစုရပ်များ၌  ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး  ဆဌမအသုတ် ပထမအကြိမ်အဖြစ်  Covidshield ကို ယနေ့နံနက်တွင် မြို့နယ်အားကစားကွင်း၌ ဆေးထိုးစုရပ်ထားကာ   မြို့ပေါ် ရပ်ကွက် ၇ ရပ်ကွက်နှင့်ဘိုကုန်းကျေးရွာပြည်သူများအား  ပထမအကြိမ်   ထိုးနှံပေး လျက်ရှိပြီး   ကိုဗစ်- ၁၉ ကာကွယ်ဆေး  ပဉ္စမအသုတ်  ဒုတိယအကြိမ်ကာကွယ်ဆေး   Sinopharm  ထိုးနှံရန် ကျန်ရှိသူများကိုလည်း  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ အလားတူ လှိုင်းတက်ကျေးရွာ  ဆေးထိုးစုရပ်တွင်လည်း  ကိုဗစ်-၁၉ ကာကွယ် ဆေး  ပဉ္စမအသုတ်  ဒုတိယအကြိမ် ကာကွယ်ဆေး  Sinopharm ထိုးနှံရန် ကျန်ရှိသူများကို  ထိုးနှံပေးလျက်ရှိပြီး  ကိုဗစ်-၁၉ ကာ ကွယ်ဆေး   လုံးဝထိုးနှံရခြင်း မရှိသေးသူများကိုလည်း Covidshield ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကကွယ်ဆေးကို ၂၀၂၁ ခုနှစ် ဇူလိုင် ၃၁ ရက်မှစ၍ ဦးတည်အုပ်စုအလိုက် ထိုးနှံပေးခဲ့ရာ ယခုနှစ် ဇန်နဝါရီ ၁၇ ရက်အထိ Sinopharm  ပထမအကြိမ် ထိုးနှံပြီးသူ ၆၂၈၆၉ ဦးဒုတိယအကြိမ်ထိုးနှံပြီးသူ  ၅၄၅၅၀  ဦးနှင့် Sonovac ပထမအကြိမ် ထိုးနှံပြီးသူ  ၁၇၇၀၀  ဦး ဒုတိယအကြိမ်ထိုးနှံပြီးသူ ၁၆၄၉၅ ဦးနှင့် Covidshield ပထမအကြိမ် ထိုးနှံပြီးသူ ၇၀၄  ဦးရှိကြောင်းသိရသည်။                           

မြို့နယ်ပြန်/ဆက်