မိတ္ထီလာမြို့နယ်တွင် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းကို (အခမဲ့) ဖွင့်လှစ် သင်ကြား

မိတ္ထီလာ ဇန်နဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှအခြေခံ မော်တော် ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းကို မုန်တိုင်ကျေးရွာတွင် အခမဲ့ဖွင့်လှစ် သင်ကြား ပေးလျက်ရှိကြောင်း သိရ သည်။

ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ)မှ   ကျေးလက်နေပြည်သူများအနေဖြင့် အလုပ် အကိုင်အခွင့် အလမ်းများ ရရှိစေပြီး လုပ်ငန်းရှင်များ အတက်ပညာရှင်များအဖြစ် အသက်မွေးဝမ်းကျောင်း လုပ်ငန်းဆောင်ရွက်နိုင်ပြီး အိုးမကွာအိမ်မကွာ ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရန်၊ အသေးစား စက်မှုလက်မှု လုပ်ငန်းများ တိုးပွားလာစေရန်နှင့် တစ်ဦးချင်း ဝင်ငွေတိုးပွားလာပြီး  မိသားစု ဝင်ငွေကို အထောက်အကူ ဖြစ်စေ၍   လူမှု့ဘဝဖွံ့ဖြိုးတိုးတက်စေကာ ဆင်းရဲမှုလျော့ချရေးတို့အတွက် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းကို ဇန်နဝါရီလ ၅ ရက်နေ့မှ  ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညန ၄နာရီအထိ မုန်တိုင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်းရှိ ကျေးရွာများမှ သင်တန်းသား (၁၀)ဦးအား  အခမဲ့ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း  သိရသည်။

အဆိုပါ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းတွင် မော်တောင်ဆိုင်ကယ် အစိတ် အပိုင်းများနှင့် အလုပ်လုပ်ပုံ၊ ဆိုင်ကယ် ကိုယ်ထည်ကာဗာများ ဖြုတ်/တပ် လုပ်ဆောင်ခြင်း၊ ကလပ်အုံနှင့် သံလိုက်အုံ ဖြုတ်/တပ် လုပ်ဆောင်ခြင်း၊ အင်ဂျင်ဟတ်နှင့် ဘလောက်များ ဖြုတ်/တပ် လုပ်ဆောင်ခြင်း၊ ဂီယာဘောက် ဖွဲ့စည်းပုံနှင့် အင်ဂျင်နိုးရန် မီးစနစ်လုပ်ဆောင်ခြင်း၊ မော်တော်ဆိုင်ကယ် မီးပေးစနစ်ဆိုင်ရာ ချိတ်ဆက်အလုပ်လုပ်ပုံနှင့် သွယ်တန်းခြင်း စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပေး လျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)