နမ္မတူ ဇန်နဝါရီ ၁၉
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့ပူးပေါင်း၍ Online စနစ်ဖြင့် အများပြည်သူ အသိပညာပေး သမဝါယမဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် (Talk Show)ကို ယမန်နေ့နေ့လည် (၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေ့ဦးစွာ အသိပညာပေး (Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက Online စနစ်ဖြင့် အများပြည်သူအသိပညာပေး သမဝါယမ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် (Talk Show) ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် သမဝါယမဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးဆမ်မန်းက သမဝါယမဦးစီးဌာန၏ ရည်ရွယ်ချက်မှာ ကျေးလက်နေပြည်သူများနှင့် မြို့ပြနေအခြေခံ လူတန်းစားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သမဝါယမစီးပွားရေး လုပ်ငန်းများဖြင့် တစ်ဖက်တစ်လမ်းမှ အမှန်တကယ် အထောက်အကူပြု ဆောင်ရွက်ပေးရန်၊ ဌာနကြီးကြပ် ကွပ်ကဲမှုအောက်မှာရှိတဲ့ သမဝါယမအသင်းများ၊ သမဝါယမအသင်းတွေရဲ့အောင်မြင်မှု၊ ပြည်သူလူထု၏ စီးပွားရေး/လူမှုရေး အဆင်ပြေမှု အခွင့်အလမ်းများ၊ အသင်းဝင်ရောက်ထားရှိသူများအတွက် အကျိုးခံစားခွင့် များနှင့် အသင်းသားအဖြစ်ဝင်ရောက်နိုင်ဖို့ အကြံပြုချက်များအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ Online စနစ်ဖြင့် အများပြည်သူအသိပညာဗဟုသုတတိုးပွားစေရေး အသိပညာပေး (Talk Show) ကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များဖြင့်ပူးပေါင်း၍ လစဉ်အများပြည်သူတို့ သိသင့်သိထိုက်သည့် အကြောင်းအရာများဖြင့် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းထံက သိရှိရပါသည်။
လူမော်