မိုးနဲမြို့၌ ကိုယ်ဝန်​ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား(Mobile Bank) စနစ်ဖြင့် ငွေကြေးထောက်ပံ့ပေးနိုင်ရေး သင်တန်းဖွင့်လှစ်

မိုးနဲ ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း ၍ မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား Mobile Bank စနစ်ဖြင့် ငွေကြေးထောက်ပံ့ပေးနိုင်ရေးသင်တန်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ် ကမ္ဘောဇခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌဦးဝင်းမြင့်က ကလေးသူငယ်များ အဟာရ ပြည့်ဝစွာ စားသုံးနိုင်ရေး ပံ့ပိုးဆောင်ရွက် ပေးသွားမည့် အခြေအနေများနှင့်သင်တန်းဖွင့်လှစ် ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်စံပယ်ဖြူနှင့် မြို့နယ်အမျိုးသမီးရေးရာ ကော်မတီအဖွဲ့ဝင်တို့က ကိုယ်ဝန်ဆောင် စာရင်းအသစ် ကောက်ယူခြင်းနှင့် ကိုယ်ဝန်ဆောင်၊ ကလေးစာရင်း Update ပြုလုပ်ခြင်း လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ ပေးနိုင်ရေး အစီအစဉ်အား ၂၀၂၁ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ လအတွင်း အကျုံးဝင်သောသူများအား Mobile Bank စနစ်ဖြင့် (၃)လ၊ တစ်လလျှင် ၁၅၀၀၀ ကျပ်နှုန်းဖြင့် ကလေးသူငယ်များ(၂)နှစ် ပြည့်သည်အထိ ထောက်ပံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)