လားရှိုးမြို့တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အလွတ်တန်းဘောလုံး ပြိုင်ပွဲကျင်းပ

လားရှိုး ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ စိတ္တသုခဘုန်းတော်ကြီးကျောင်း ဘောလုံးကွင်းတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က OK ယာဉ်မောင်းသင်တန်းကျောင်းနှင့် အားကစားနှင့် ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ စိန်ရတုအထိမ်းအမှတ် အကြို အလွတ်တန်းဘောလုံး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လားရှိုးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇော်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးမင်းထက်အောင်နှင့် OK ယာဉ်မောင်း သင်တန်းကျောင်း နာယက ဒေါ်ကြည်ပြာဝမ်းတို့က အသီးသီးအမှာစကား ပြောကြားပေးခဲ့သည်။ ထို့နောက် ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးခဲ့ကြသော ကော်မတီအဖွဲ့ဝင်များက ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့ကြပြီး စိတ္တသုခဘုန်းတော်ကြီးပညာသင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများမှ သရုပ်ပြအကများဖြင့် ဖျော်ဖြေကာ ဌာနဆိုင်ရာအသင်းနှင့် ရွှေသံလွင်အသင်းတို့မှ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ စတင်ကစားခဲ့ကြသည်။ အဆိုပါ ဘောလုံး ပြိုင်ပွဲအား အသင်း(၂၄) သင်းဖြင့် ဖေဖော်ဝါရီလ(၁၂)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပထမဆု(၃)သိန်း၊ ဒုတိယဆု(၂)သိန်း၊ တတိယဆု(၁)သိန်း ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

စိုင်းအောင်ကျော်စိုး