မိုင်းရှူး ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် အသက် (၁၂) နှစ်အထက် ပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စဉ်ဆက်မပြတ် ထိုးနှံပေးခဲ့ရာ ဇန်နဝါရီလ ၁၈ ရက်နေ့အထိ မိုင်းရှူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံ မှု ၅၄ရာခိုင်နှုန်းရှိပြီ ဖြစ်ကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးရန် အကျုံးဝင် ပြီးဆေးလုံးဝထိုးနှံ ခြင်း မပြုရသေးသည့်သူများနှင့် ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိသူများကို သတ် မှတ်ဆေးထိုးစုရပ်နေရာ တို့တွင်သတ်မှတ်ရက်များ အလိုက်ထိုးနှံပေးလျက်ရှိသည်။
မိုင်းရှူးမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်အကျုံးဝင်လျာထားဦးရေ အသက် (၁၂) နှစ်အထက် (၁၆၈၉) ဦး၊ အသက်(၁၈)နှစ်အထက် (၃၇၉၈၂) ဦး၊ စုစုပေါင်း (၃၉၆၇၁)ဦးရှိပြီး ၎င်းတို့အနက် ဇန်နဝါရီ ၁၈ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံ ပြီးသူ (၂၁၅၀၂) ဦး၊ ဒုတိယ အကြိမ် ထိုးနှံပြီးသူ (၁၇၃၆၄) ဦး ရှိပြီဖြစ်ရာ မြို့နယ်အတွင်း ကာကွယ်ဆေး လွှမ်းခြုံမှု ၅၄ ရာခိုင် နှုန်းရှိပြီဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)