မိုင်းပန် ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးမြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဗီနိုင်းပိုစတာ မှတ်တမ်းဓါတ်ပုံများအား အများပြည်သူကြည့်ရှုနိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့နေ့လယ်ပိုင်းတွင် စတင်ပြီး ပြသထားကြောင်း သိရသည်။
နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ဖြစ်သည့် မဲစာရင်းများ စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ယင်း ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ကုစားပေးနေမှု၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးတွေ့ဆုံ ဆွေးနွေးမှုများနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အထွေထွေရွေးကောက်ပွဲ ကျင်းပရေးတွေ့ဆုံဆွေး နွေးမှုမှတ်တမ်းဓါတ်ပုံများနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မှတ်တမ်းဓါတ်ပုံများ၊ ဦးတည် ချက်(၉)ရပ်တွင်ပါဝင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆောင်ရွက်ချက်မှတ်တမ်းဓါတ်ပုံများ ပါဝင်သော ဗီနိုင်းပိုစတာများအားအများ ပြည်သူကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ပြသဆောင်ရွက် ထားကြောင်းသိရသည်။
မိုင်းပန်(ပြန်/ဆက်)