ဆိပ်ဖြူမြို့နယ်တွင် မြစ်အတွင်းရှိရေချိုငါးရရှိမှုနည်း၍ မွေးမြူရေးငါးများ အရောင်းသွက်လာ

ဆိပ်ဖြူ     ဇန်နဝါရီ    ၂၅

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုအဖြစ်  ဧရာဝတီမြစ်နှင့်ယောချောင်းတို့တွင် ငါးဖမ်းရေ လုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသော  ဆိပ်ကမ်းသာရေလုပ်သားများအနေဖြင့် ရေချိုးငါးရရှိမှုနည်းပါး၍ ဈေးကွက်တွင် မွေးမြူရေးငါး (ရေခဲ) ငါးများ အရောင်းအဝယ်သွက်လာကြောင်းသိရသည်။

ဆိပ်ကမ်းသာ ရေလုပ်သားများအနေဖြင့် ငါးစားသုံးမှုအဆင်ပြေစေရန်အတွက် ဧရာဝတီမြစ်နှင့် ယောချောင်းတို့ကိုအခြေခံကာ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းတစ်ခုအဖြစ် နေ့စဉ် ငါးချိုငါးဖမ်းစားသုံးခြင်း၊ ပြန်လည်ရောင်းချခြင်များ လုပ်ကိုင်ဆောင်ရွက် လျက်ရှိကြကြောင်း၊ လက်ရှိ အချိန် ကာလတွင် ရာသီဥတုပြောင်းလဲလာမှုကြောင့် ရေလုပ်သားများ ပုံမှန်ငါးဖမ်း လုပ်ပိုင်ခွင့်ရဧရိယာများတွင်  ရေကြောင်းပြောင်းလဲလာပြီး ရေတိမ် ဧရိယာများပြားလာကာ ရေချိုငါးဖမ်းလုပ်ငန်း လုပ်ကိုင်ရာမှငါးရရှိမှုနည်းပါးလာကြောင်း၊ ယခင်နှစ်တွင် ရေလုပ်သားတစ်ဦးလျှင် တစ်နေ့ဝင်ငွေ ခုနှစ်ထောင်ကျပ်မှ တစ်သောင်းကျပ် အထိရရှိခဲ့သော်လည်း ယခုနှစ်တွင် သုံးရက်လျှင် ငွေကျပ်တစ်သောင်းခွဲဝန်းကျင်ခန့်သာ ဝင်ငွေရရှိကြောင်း၊ ထို့အပြင် ဓာတ်ဆီဈေးမြှင့်တက်လာမှုကြောင့်  ငါးဖမ်းလုပ်ငန်းသုံး ဓာတ်ဆီဖိုးနုတ်မည်ဆိုရင် သုံးရက်လျင်  ခုနှစ်ထောင်ကျပ်ခန့်သာ မိသားစု ဝင်ငွေရရှိကြောင်း၊ ယခင်နှစ် ငါးဖမ်းရာသီကာလမဟုတ်သည့် အချိန်များတွင် စိုက်ပျိုးရေးလုပ်ငန်းများနှင့် ကြက်သွန်ပွဲရုံ လုပ်ငန်းများတွင် မိသားစုစားဝတ် နေရေးအတွက် ဝင်ငွေသွားရောက်ရှာဖွေရ ပေမယခုနှစ် ငါးကြီးဖမ်းရာသီမှစတင်၍ ရေလုပ်ငန်းခွင်များ အဆင်မပြေသည့်အတွက် ရေလုပ်သားအများစုမှာ စိုက်ပျိုးရေးလုပ်ငန်းများ၊ ကြက်သွန်ပွဲရုံလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေရကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် လတ်ဆတ်သော ရေချို(မြစ်)ငါး၊ ပုဇွန်ဝယ်ယူစားသုံးမှုအစား မွေးမြူရေးငါး (ရေခဲ)ငါးများအား ချောက်မြို့မှတဆင့် ဝယ်ယူစားသုံးနေကြ ရကြောင်း ဒေသခံပြည်သူများနှင့် ရေလုပ်သားမိသားစုများထံမှ သိရသည်။

ကိုဇွဲ(အညာမြေ)