သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ညောင်တုန်းမြို့နယ်ရှိ ရွှေညောင်တုန်းလယ်ယာအထောက်အကူပြုဝန်ဆောင်မှု သမဝါယမအသင်းလီမိတက်၏ ဝန်ဆောင်မှုစခန်းသို့ ကြည့်ရှုစစ်ဆေး

ညောင်တုန်း ဇန်နဝါရီ ၂၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်ဦးခန့်ဇာ်၊ လက်ထောက်အတွင်းဝင်ဦးချိုထွန်း၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးသိန်းလွင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ညွှန်ကြားရေးမှူးချုပ်ဦးသိန်းစိုးတို့လိုက်ပါလျက် ယမန်နေ့  ညနေ၅နာရီအချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းဘေးရှိ ရွှေညောင်တုန်းလယ်ယာအထောက်အကူပြုဝန်ဆောင်မှု သမဝါယမအသင်းလီမိတက်၏ ဝန်ဆောင်မှုစခန်းသို့ရောက်ရှိခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်သမဝါယမအသင်းဝန်ထမ်းများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ရွှေညောင်တုန်းလယ်ယာအထောက်အကူပြုဝန်ဆောင်မှု သမဝါယမအသင်းလီမိတက်ဥက္ကဌမှ အသင်းစုဖွဲ့စည်းထားရှိမှု အခြေအနေနှင့် အသင်းသားတောင်သူများ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် ဝန်ဆောင်မှုပေးသည့် အခြေအနေများကိုရှင်းလင်းတင်ပြခဲ့ရာပြည်ထောင်စုဝန်ကြီးက မြို့နယ်သမဝါယမအသင်းစု၏ လုပ်ငန်းများအောင်မြင်စေရေးအတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)