လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက် Page မှတစ်ဆင့်   အများပြည်သူတို့အတွက်   ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ  နေ့စဉ်  လွှင့်တင်ပေးလျက်ရှိ

လိပ်သို   ဇန်နဝါရီ   ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူပြည်သူများ၊  စာပေဗဟုသုတရရှိစေရန်  ရည်ရွယ်၍   Online မှတစ်ဆင့်   အသိပညာပေး အစီအစဉ်များကို   စဉ်ဆက်မပြတ်  ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့နံနက်ပိုင်းက  တိုင်းဆာ(ခ)မိုင်းသာရှမ်း စာပေနှင့်ယဉ်ကျေးမှု ကော်မတီမှ ရေးသားပြုစုထားတဲ့ “ကျွန်တော့်အမျိုးလား “နှင့်”ကျောင်းတက်ချိန်” ပုံပြင် စာအုပ်အား   ရိုက်ကူးထုတ်လွှင့်  တင်ဆက်ခဲ့ကြောင်း   သိရသည်။

ကိုဗစ်-၁၉ရောဂါ  ဖြစ်ပွားနေသည့်ကာလအတွင်း   မြို့ရုံးပြည်သူ့စာကြည့်တိုက်သို့  မလာ ရောက်နိုင်သည့်   စာဖတ်ပရိသတ် ပြည်သူများနှင့်  ကျောင်းသားကျောင်းသူ၊ သားငယ်သမီးငယ်လေးများ  အတွက်   စာပေဗဟုသုတ   ရရှိစေရန်ရည်ရွယ်၍   မြို့ဦးစီးမှူးနှင့်  ဝန်ထမ်းများက   Online မှတစ်ဆင့်  သုတ/ရသ စာအုပ် မိတ်ဆက်အစီအစဉ်၊  ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြော ခြင်းအစီအစဉ်   ကဗျာလေးတွေ  ရွတ်ကြမယ်  အစီအစဉ် ၊စက္ကူအရုပ်ခေါက်  အစီအစဉ်များကို    စဉ်ဆက်မပြတ်  လိပ်သိုမြို့ပြည်သူ့စာကြည့်တိုက်   Page မှတစ်ဆင့်  တင်ဆက် ပေးလျက်ရှိ ကြောင်း   သိရသည်။

မြို့(ပြန်/ဆက်)