မြဝတီခရိုင် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိ

မြဝတီ ဇန်နဝါရီ ၂၅

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ စာကြည့်တိုက်တွင် စာပေ ချစ်မြတ်နိုးသူများ စာပေဗဟုသုတရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို ရိုက်ကူး တင်ဆက် ဆောင်ရွက်ပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များနှင့် ကျောင်းများပိတ်ထားသည့်အတွက် ကျောင်းသူ/ကျောင်းသားများနှင့် သားငယ်သမီးငယ်များအတွက် ဗဟုသုတရရှိရန် မြဝတီခရိုင် ပြည်သူ့စာကြည့်တိုက် Facebook Page မှ သုတ၊ ရသစာအုပ် မိတ်ဆက်ခြင်း အစီအစဉ်များ၊ ပုံပြင်ပြောပြခြင်း အစီအစဉ်များ၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များကို မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်း များက ရိုက်ကူးတင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)