တနိုင်း ဇန်နဝါရီ ၂၅
ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင် (၁၅)ဦးတို့သည် တနိုင်းမြို့သို့ ဇန်နဝါရီလ(၂၂)ရက် ညနေ(၃)နာရီအချိန် ရောက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးအား လာရောက်တွေ့ဆုံ၍ တနိုင်းမြို့နယ် သူရိယပန်းတိုင် လူမှုကူညီရေးအသင်းအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ ဖြစ်သည့် Mask ၊ PPEဝတ်စုံများ၊ Hand Spray ဆပ်ပြာရေ များ ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဒေါက်တာ ဘွမ်ယွမ်နှင့် အဖွဲ့ဝင်(၁၁)ဦးသည် အောင်လော့ဒ်ကျေးရွာသို့ စက်လှေ(၂)စီးဖြင့်လည်းကောင်း၊ အတွင်း ရေးမှူး ဦးမရစ်ဂွန်ဂျာနှင့် အဖွဲ့ဝင်(၃)ဦးသည် တနိုင်းမြို့နယ်ဆရာဝန် ဒေါက်တာသန့်ဇင်ဦး၊ တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းစိုးတို့ လိုက်ပါ၍ ရှင်ဗွေယန်မြို့သို့ သွားရောက် ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါအဖွဲ့သည် ရှင်ဗွေယန်လူမှုကူညီရေး အသင်းနှင့် ပြည်သူ့ဆေးရုံအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ပစ္စည်းများ ပေးအပ်လှူဒါန်း ခဲ့ကြကြောင်း ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းစိုးထံမှ သိရသည်။
ဝါဝါ(တနိုင်း)