ကလိန်အောင်မြို့တွင် အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ကလိန်အောင် ဇန်နဝါရီ ၂၅

ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အတွင်းရှိ အသက် (၁၈) နှစ်နှင့်အထက်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်) ထိုးနှံရန်ကျန်ရှိသူများအား ကာကွယ် ဆေး ဆက်လက် ထိုးနှံပေးခြင်းကို  ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေး ခန်းမ၌ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် (၁၈)နှစ်နှင့်အထက် (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူပြည်သူ (၈၅) ဦးအားကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင် ချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးမှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စနစ်တကျထိုးနှံပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ကလိန်အောင်မြို့  မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက လိုအပ်သည်များကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးမိုးခိုင်