ကြာအင်းဆိပ်ကြီးမြို့၌ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများအား လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲနိုင်မည့် နည်းလမ်းများအသိပညာပေးလျက်ရှိ

ကြာအင်းဆိပ်ကြီးမြို့ ဇန်နဝါရီ ၂၅

ပြည်ထောင်စုမြန်မာနိုင်ငံတော် တိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွင်းရှိ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများအတွက် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲနိုင်မည့် နည်းလမ်းများအား အသိပညာပေးလျက်ရှိရာ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဓာတ်အားချွေတာသုံးစွဲနိုင်မည့် အချက်အလက်များ နည်းလမ်းများအား ဗိနိုင်းပိုစတာဖြင့် အများပြည်သူများ မြင်လွယ်တွေ့ရှိပြီး လေ့လာမှတ်သား သိရှိဆောင်ရွက်နိုင်စေရေးအတွက် မြေစိုက်ဘုတ်များ၌ အသိပညာပေးပြသပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါဓာတ်အားချွေတာသုံးစွဲနည်း အသိပညာပေးဗီနိုင်းပိုစတာများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား စဉ်ဆက်မပြတ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံကပ်ဘုတ်၌ မိဘပြည်သူများ ကြည့်ရှုလေ့လာမှတ်သားနိုင်စေရေးအတွက် ပြသပေးလျက်ရှိကြောင်း သိရသည်။

၎င်းဓာတ်အားချွေတာသုံးစွဲနိုင်မည့် အသိပညာပေးဗီနိုင်းပိုစတာ၌ မိမိတို့၏အိမ်တွင်း၌ ကွန်ပျူတာ တီဗီနှင့်အောက်စက်တို့ကို အိမ်၌လူမရှိသည့်အခါ အသုံးမပြုသည့်အခါ၌ လျှပ်စစ်ခလုပ်ကိုအပြီးပိတ်ခြင်း Remote Control ဖြင့်သာပိတ်၍ Standby mode ဖြင့်ထားသည့်တိုင် လျှပ်စစ်မီတာတက်နေမည်ဖြစ်ခြင်း လတ်သလောအသုံးမပြုသည့် လျှပ်စစ်ပစ္စည်းများ၏ Plugခေါင်းများကို Socket များမှဖြုတ်ထားပါရန် အိပ်ခန်း သန့်စင်ခန်းနှင ့်ရေချိုးခန်းတို့အား လူမရှိပါကလှိပ်စစ်မီးများပိတ်ကာချွေတာခြင်း လူရှိသည်ဖြစ် မရှိသည်ဖြစ်စေ ပန်ကာများကို ဆက်တိုက်ဖွင့်ထားခြင်းက မီတာခကိုပိုကုန်ကျစေခြင်း အသုံးလိုမှသာဖွင့်ခြင်း စသည့်အသိပညာပေးအချက်အလက်များပါဝင်ကာ မိဘပြည်သူများအနေဖြင့် လျှပ်စစ်ကို ချွေတာသုံးစွဲခြင်းဖြင့် မီတာခများ များကျသင့်ခြင်းမှ ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း သိရသည်။

မျိုးမင်းဦး