ပေါက်တောမြို့၌ ကျောင်းသား/ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး

ပေါက်တော ဇန်နဝါရီ ၂၄

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးတင်အောင်ဖြိုးဦးဆောင်၍ ဝန်ထမ်းများက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယနေ့ နေ့လယ်ပိုင်းက (အ.ထ.က-ပေါက်တော)ကျောင်းတွင် ကွင်းဆင်းပြုလုပ်သည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် အသက်(၁၀)နှစ်ပြည့် ကျောင်းသား/ကျောင်းသူ(၈၀)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပေါက်တောမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ၂၀၂၁ခုနှစ်၊ မေလ(၃)ရက်နေ့မှစတင်ကာ ရပ်ကွက်/ကျေးရွာများသို့အရောက်ကွင်းဆင်းကာ ပြုလုပ်ပေးလျက် ရှိရာယနေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀၇၁၆)ခုနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၁၂၅၀) ခုတို့အား ဒေသခံပြည်သူများသို့ ဥပဒေနှင့်အညီ ထုတ်ပေးပြီးဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ရုံးမှသိရသည်။

မြို့နယ်(ပြန်/ဆက်)