နတ်တလင်း ဇန်နဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ် ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ လူရွယ်လူငယ်များအတွက် အသိ ပညာဗဟုသုတများရရှိ စေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန် ရည်ရွယ်၍ Online မှ တစ်ဆင့် သုတ၊ ရသ၊ စာအုပ်စာစောင် မိတ်ဆက်ခြင်းအစီစဉ်၊ ပုံပြောခြင်း၊ ကဗျာရွတ် ခြင်း အစီအစဉ်များနှင့် ဆေးရောင်ခြယ် အစီအစဉ်၊ အရုပ်ခေါက်/ ပန်းအလှခေါက် အစီအစဉ် များကို ရိုက်ကူး၍ နတ်တလင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့် နေ့စဉ်ထုတ်လွှင့် ဝန်ဆောင်မှု ပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် မှူး ဒေါ်ထားထားဦးက ကျောင်းသား/ ကျောင်းသူ လူရွယ်လူငယ်လေးများ ဗဟုသုတရရှိစေရန် ရောင်စုံစက္ကူလေးများဖြင့် ပန်းအလှခေါက် ပြုလုပ်နည်းကို Online မှ တစ်ဆင့် တင်ဆက် ပေးခဲ့သည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နတ်တလင်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများဆီ သို့ ရှေးရှုသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး နယ်လှည့် စာကြည့်တိုက် စနစ်ဖြင့်လည်း ပြည်သူများ လက်ဝယ်အရောက် စာအုပ်စာစောင် များကို ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)