ပိုင်ကျုံမြို့ ကစိုကျောင်းကြီး၌ (၁၄) ကြိမ်မြောက် ဝိပဿနာတရားပွဲ ဖွင့်လှစ်မည်

ပိုင်ကျုံ  ဇန်နဝါရီ  ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကစိုကျေးရွာအုပ်စု၊ ကစိုကျောင်းကြီး၌ (၁၄)ကြိမ်မြောက် ဝိပဿနာတရား ပွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်ပါကြောင်း သိရသည်။

ဝိပဿနာတရားပွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့မှ ဖေဖော်ဝါရီလ ၄ ရက်နေ့ထိ ၁၀ ရက်ကြာ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း၊ ဝိပဿနာတရားပွဲ ဖွင့်ပွဲနေ့တွင် ဘားအံမြို့နယ်၊ ဦးသုစိတရာမကျောင်းတိုက် ဆရာတော် ဦးသုစိတမှ တရားဟောကြားသွားမည် ဖြစ်ကြောင်း၊ ရပ်ဝေးရပ်နေမှ ဝိပဿနာတရား အားထုတ်ချင်သူများ စိတ်အေးချမ်းသာစွာ လာရောက် တရားအားထုတ်နိုင်ပါကြောင်း သိရသည်။

အဆိုပါ ဝိပဿနာတရား အားထုတ်သူများအနေဖြင့် စိတ်အေးချမ်းမြေ့စွာ တရားအားထုတ်နိုင်ရေး အတွက် ကစိုကျောင်းကြီး၌ နေရာထိုင်ခင်းများ ပြည့်စုံစွာ စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)