ကျိုင်းတုံမြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ဟောပြောပွဲ၊ စာအုပ်/စာစောင် ပြပွဲနှင့် ဆေးရောင်ချယ်ပြိုင်ပွဲကျင်းပ

ကျိုင်းတုံ ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက် မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ၊ စာအုပ်/စာစောင်ပြပွဲနှင့် ဆေးရောင်ချယ်ပြိုင်ပွဲကို ယမန်နေ့က အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးမောင်မောင်နိုင်၊ စာပေချစ်မြတ်နိုးသူအသင်းဥက္ကဋ္ဌ ဦးလှမြင့်နှင့် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးဝင်းမိုးတို့က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်းနှင့်  တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ပြည်ထောင်စု စိတ်ဓာတ်အရင်းခံကာ ပြည်နယ်၊ ပြည်မစည်းလုံးညီညွတ်စွာ ဥမကွဲသိုက်မပျက် ထာဝရ ပူးပေါင်းလက်တွဲပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နောင်ဝယ်လူကြီးများ ဖြစ်လာမည့် ကျောင်းသူ၊ ကျောင်းသူများက ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း စသည့်အကြောင်း အရာများကို ဟောပြောသည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်/စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင် စားစွာ လေ့လာဖတ်ရှုခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုနေ့အကြို ဆေးရောင်ချယ်ပြိုင်ပွဲတွင် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ၃၉ ပါဝင် ယှဉ်ပြိုင် ကြပြီး ဆုရရှိသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လုထုအခြေပြုဗဟု ဌာန Community Centre ခန်မ၌ ဆုများပေး အပ်ချီးမြှင်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)