အမြို့မြို့အနယ်နယ်သတင်းများ

Jan 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာနမှ မြေလွှာခွဲကိရိယာ(Subsoiler) အသုံးပြု နည်း လက်တွေ့မောင်းနှင်သရုပ်ပြ ရှင်းလင်းပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဟင်္သာတမြို့ အမှတ်(၂) အလတ်စား စက်ပြင် အလုပ်ရုံပိုင် မြေနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 26,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို ဇန်နဝါရီ ၂၁ရက်မှစတင်ထုတ်ပေးခဲ့ရာ ယနေ့နံနက် ၈နာရီမှ နေ့လယ် ၂ နာရီထိ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆက် လက်ထုတ်ပေးလျက်ရှိကြောင်းသိသည်။
Jan 26,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (Mini Budget) ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ကွေ့ချောင်း ရပ်ကွက်၊ ကွေ့ချောင်းရွာမဖြတ်လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
Jan 26,2022
ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့နေ ပြည်သူများအား အခြေခံစားသောက်ကုန်နှင့် ထောက်ပံပစ္စည်းများဖြစ်သော ဆီ၊ကုလားပဲ၊ စောင်၊ခေါက်ဆွဲခြောက်၊ ကွေကာအုတ်၊အသားတု၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲစသည်တို့ကို ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်(၆:၃၀)နာရီ အချိန်တွင် လွိုင်ကော်မြို့၊ သီရိမင်္ဂလာစျေး(တောင်စျေး)အနီးတွင် လှူဒါန်းပေးအပ်ခဲ့ပါသည်။
Jan 26,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မသန်စွမ်းသူအျားအား ထောက်ပံ့ငွေပေးအပ်ခြင်း ကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပေးအပ်ကြောင်း သိရသည်။
Jan 26,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် မီးသတ်ဦးစီး ဌာနမှ မောရှမ်းအချိုခြောက်စက်ရုံသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက်၊ မီးဘေး လုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းအား ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
Jan 26,2022
မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း မြေအောက်ရေတွင်းတူးဖော်ကာ မြေအောက်ရေသွင်း စိုက်ပျိုးသည့် ဖီးကြမ်းငှက်ပျောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း သိရသည်။
Jan 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်း များက စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။