ရွာငံ ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို ဇန်နဝါရီ ၂၁ရက်မှစတင်ထုတ်ပေးခဲ့ရာ ယနေ့နံနက် ၈နာရီမှ နေ့လယ် ၂ နာရီထိ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆက် လက်ထုတ်ပေးလျက်ရှိကြောင်းသိသည်။
အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေးရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့် မိမိတို့အဆင်ပြေသည့်နေ့တွင် လာရောက် ထုတ်ယူနိုင်ကြောင်း၊ ကိုယ်စားလှယ်ဖြင့် ထုတ်ယူလိုပါက လိုအပ်သည့် အထောက်အထားများဖြင့် လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ပင်စင် လစာထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ခံများက စာရင်းဖြည့်သွင်းခြင်းများ ဆောင်ရွက် ပေးပြီး ပင်စင်လစာငွေများအားအလှည့်ကျစနစ်ဖြင့် အသက်အရွယ်ကြီးရင့်သူများ အခက် အခဲမရှိစေရေးနှင့် လူစု၊ လူဝေး မဖြစ်ပေါ်စေရန် စနစ်တကျဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ကာလဖြစ်သည့်အတွက် စည်းကမ်းချက်နှင့်အညီ ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ထားခြင်း၊ တစ်ဦးနှင့်တစ်ဦး (၃)ပေအကွာနေရာများ ချထားပေးခြင်း၊ လက် ဆေးဆေးရည်များ ဖြန်းပေးခြင်းများ ဆောင်ရွက်ပေးကြောင်းကို ရွာငံမြို့နယ် မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူထံမှသိရသည်။
ပြည့်ဖြိုးသန့်