လွိုင်ကော် ဇန်နဝါရီ ၂၆
ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့နေ ပြည်သူများအား အခြေခံစားသောက်ကုန်နှင့် ထောက်ပံပစ္စည်းများဖြစ်သော ဆီ၊ကုလားပဲ၊ စောင်၊ခေါက်ဆွဲခြောက်၊ ကွေကာအုတ်၊အသားတု၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲစသည်တို့ကို ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်(၆:၃၀)နာရီ အချိန်တွင် လွိုင်ကော်မြို့၊ သီရိမင်္ဂလာစျေး(တောင်စျေး)အနီးတွင် လှူဒါန်းပေးအပ်ခဲ့ပါသည်။
ထိုသို့လှူဒါန်းပေးအပ်ခြင်းကို ကယားပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်)မှ ဒုတိယဒေသ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးစိုးဝင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းဇော်နိုင်နှင့် အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးမိုးဝင်းထက်၊ ဒုတိယရဲမှူးကြီးသုခ တို့မှ လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် အဖွဲ့ဝင် ဗိုလ်မှူးမိုးဝင်းထက်၊ ရဲမှူးမြသန်းထိုက်တို့မှ ဦးဆောင်၍ အိမ်ထောင်စု(၇၀၀)စုအား အခြေခံ စားသောက်ကုန်နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)