အုတ်ဖိုမြို့ ကွေ့ချောင်းရွာမဖြတ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်းကျော်ပြီးစီး

အုတ်ဖို ဇန်နဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (Mini Budget) ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ကွေ့ချောင်း ရပ်ကွက်၊ ကွေ့ချောင်းရွာမဖြတ်လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းမှာ ယခင်က ဂဝံလမ်းဖြစ်ပြီး သွားလာရေး ပိုမိုလွယ်ကူချောမွေ့လာစေရန်အတွက် အရှည် (၁၂၅) ပေ၊ အကျယ် (၈) ပေ၊ အမြင့် (၆) လက်မဖြင့် ကွန်ကရစ်ခင်းခြင်းဖြစ်ရာ ရာနှုန်းပြည့်ပြီးစီးပါက အဆိုပါလမ်းအား အသုံးပြုလျက်ရှိသည့် ပြည်သူများ၏ စီးပွားရေး၊ လူမှု ရေး၊ ကျန်းမာရေးနှင့် ကျောင်းသား ကျောင်းသူများ၏ ပညာရေးတို့တွင် ပိုမိုအဆင်ပြေ ချောမွေ့ လာနိုင်မှာဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဖြိုးဝေအောင်ထံမှ သိရသည်။

အောင်သူ(အုတ်ဖို)