ကျွန်းလှ ဇန်နဝါရီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မသန်စွမ်းသူအျားအား ထောက်ပံ့ငွေပေးအပ်ခြင်း ကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပေးအပ်ကြောင်း သိရသည်။
ကျွန်းလှမြို့နယ် မြို့ပေါ် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၁) အုပ်စုတို့မှ မသန်စွမ်းသူ ၃၃၂ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ငွေကျပ် ၉၉၆၀၀၀၀ ကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးတင့်ထူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် စာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ