ဟင်္သာတခရိုင် စက်မှုလယ်ယာဦးစီးဌာနမှ မြေလွှာခွဲကရိယာ(Subsoiler) အသုံးပြုနည်း လက်တွေ့မောင်းနှင်သရုပ်ပြ မိတ်ဆက်ရှင်းလင်း

ဟင်္သာတ   ဇန်နဝါရီ   ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာနမှ မြေလွှာခွဲကိရိယာ(Subsoiler) အသုံးပြု နည်း လက်တွေ့မောင်းနှင်သရုပ်ပြ ရှင်းလင်းပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဟင်္သာတမြို့ အမှတ်(၂) အလတ်စား စက်ပြင် အလုပ်ရုံပိုင် မြေနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတမြို့ အမှတ်(၂) အလတ်စား စက်ပြင်အလုပ်ရုံမှူး ဦးဇော်လွင်ဦးက ယနေ့လက်တွေ့ သရုပ်ပြခဲ့သော မြေလွှာခွဲကရိယာ(Subsoiler)ကို တောင်သူ/ လယ်သမားများနှင့် သီးနှံမျိုးစုံ စိုက်ပျိုးကြသူများ အသုံးပြုခြင်းဖြင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများ၊ မောင်းနှင်သူများ သတိပြုလိုက်နာရမည့် အချက်များ၊ ထွန်စက်နှင့် အဆိုပါကရိယာ ချိတ်ဆက်အသုံးပြု မောင်းနှင်ရမည့်  နည်းလမ်းစနစ်များ၊ တွေ့ကြုံလာနိုင်သည့် အခက်အခဲနှင့် ဖြေရှင်းရန်နည်းလမ်းများ စသည်တို့ကို လက်တွေ့သရုပ်ပြ မိတ်ဆက် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြင့်သန်းဝင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ဒေသခံတောင်သူလယ်သမားများ၊ သီးနှံမျိုးစုံ စိုက်ပျိုးကြသူများ လာရောက်လေ့လာ ကြည့်ရူခဲ့ကြကြောင်း သိရသည်။

ကိုဇော်