အမြို့မြို့အနယ်နယ်သတင်းများ

Jan 26,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ပထမအကြိမ် (CoviShield) ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားလမ်း ရှိမိုးကောင်းဆု တောင်းပြည့်စေတီတော် ဝန်းအတွင်းရှိ သာသနာဗိမာန်‌တော်ကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jan 26,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ Community Centre (လူထုအခြေပြုဗဟိုဌာန)တွင် ယမန်နေ့ညနေ(၃)နာရီက အိမ်တွင်းအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ကျင်းပခဲ့သည်။
Jan 26,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စိန်ရတုပြည်ထောင်စု နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကို ဇန်နဝါရီ ၂၆ရက် နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ (Community  Centre) ခန်းမတွင် ကျင်းပသည်။
Jan 26,2022
ရခိုင်ပြည်နယ် ၊ ငပလီမြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာဗဟုသုတ ရရှိစေရေးအတွက် Mobile စနစ်ဖြင့် စာအုပ်ငှါးရမ်းခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ငပလီမြို့ ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနသို့ သွားရောက်၍ စာအုပ်စာစောင်များငှါးရမ်းပေးခဲ့ ကြောင်းသိရသည်။
Jan 26,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၊ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊  ကျည်တောင်ကန်ကျေးရွာအုပ်စု၊ သာယာဝှမ်းကျေးရွာ၌ မီးဘေးကြောင့်ပျက်စီးဆုံးရှုံးခဲ့သော မီးဘေးသင့် အိမ်ထောင်စု(၅)စု အား ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းကို ဇန်နဝါရီလ ၂၅ရက်နေ့ မွန်းလွဲ ၁၂နာရီက ပြုလုပ်ခဲ့သည်။
Jan 26,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း၌ ဓါတ်သတ္ထုလုပ်ငန်း လိုင်စင် (၄၉) ခု လျှောက်ထားဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ထံမှ သိရသည်။
Jan 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အသက်(၁၈)နှစ် အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုလူဦးရေစာရင်းတို့ကို အခမဲ့ဝန်ဆောင်ပေးခြင်းကို  ရပ်ကွက်များအတွင်းရှိ ပြည်သူများကို စဉ်ဆက်မပြတ် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်က ဒုလဝကမှူး ဒေါ်ဆုမွန်သက်နှင့် ဝန်ထမ်း(၃)ဦးသည် ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုစာရင်း စစ်ဆေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။