မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပစ္စည်းများပေးအပ်

ပုဗ္ဗသီရိ ဇန်နဝါရီလ ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၊ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊  ကျည်တောင်ကန်ကျေးရွာအုပ်စု၊ သာယာဝှမ်းကျေးရွာ၌ မီးဘေးကြောင့်ပျက်စီးဆုံးရှုံးခဲ့သော မီးဘေးသင့် အိမ်ထောင်စု(၅)စု အား ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းကို ဇန်နဝါရီလ ၂၅ရက်နေ့ မွန်းလွဲ ၁၂နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်လှကေသီဦးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိဒေါ်မြတ်သီတာဝင်း၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်နိုင်ဦး၊ ကျည်တောင်ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးဇော်မင်းဦးနှင့် တာဝန်ရှိသူများက မီးဘေးကြောင့်ပျက်စီးဆုံးရှုံးခဲ့သော နေအိမ် (၅)လုံးအတွက် နေအိမ်တစ်လုံးလျှင် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ တစ်သိန်းကျပ်စီဖြင့် စုစုပေါင်း(၅၀၀၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ (၃၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ စုစုပေါင်း (၄၈၃၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၄)အိမ်ထောင်စာနှင့်(၁၈)မျိုးပါ တစ်အိမ် ထောင်စာနှင့် စေတနာရှင်အလှူရှင်များက ဆန်၊ ဆီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်ထုပ်၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အဝတ်အထည်များနှင့် အလှူ‌ငွေများကို မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)