အမြို့မြို့အနယ်နယ်သတင်းများ

Jan 27,2022
မြန်မာပြည်မြောက်ဖျား ဝေးလံခက်ခဲ့သည့် ခေါင်လန်ဖူးဒေသအတွင်း လမ်းများဖောက်လုပ်ပြီးစီးမှုနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်လာရေး တို့အတွက်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ပူတာအိုမြို့မှတစ်ဆင့် ခေါင်လန်ဖူးမြို့နယ်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
Jan 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြေငလျှင်ဘေးအန္တရာယ် ကြုံတွေ့လာပါက အချိန်နှင့်တပြေးညီ လျှင်မြန်စွာ တုံ့ပြန်ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးထိခိုက်မှုအား လျော့ချနိုင်ရန် ရည်ရွယ်၍ မအူပင်ခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြေငလျှင်ဘေး ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ခရိုင်မီးသတ်စခန်းရုံးသစ်၌ ပြုလုပ်သည်။
Jan 27,2022
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေ:ကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။
Jan 26,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ၊ကျောက်တံခါးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၈)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (အနောက်ရပ်)တွင် ပြုလုပ်သည်။
Jan 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင် သာယာရေးအဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက မိုင်းရယ် မြို့မဈေးကြီးနှင့် ရပ်ကွက်(၃)ခုရှိ ဆိုင်ခန်းများ ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ဆက်လက် ရောင်းချခြင်း ရှိ/မရှိကို ကြည့်ရှုစစ်ဆေးခဲ့သည်။
Jan 26,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့ နံနက်ပိုင်းက နားယောင်းကျေးရွာအုပ်စုအတွင်း ကျေးရွာ များမှ ပြည်သူများအား အိုမီခရွန် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုး ကူးစက်လာခြင်းများ မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
Jan 26,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၃)လ ပတ်အတွက် အသက်(၈၅)အထက် သက်ကြီးရွယ်အို ဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။